ဘာစကားပဲဖြစ်ဖြစ်
လိုအပ်မှ ပြောတာပဲ ကောင်းပါတယ်။
လောလောဆယ် ပြောဖို့ မလိုသေးရင်
တစ်စက္ကန့်လေးပဲ ဖြစ်ဖြစ်၊ တစ်မိနစ်လေးပဲ ဖြစ်ဖြစ်
အချိန်ဆိုင်းထားလိုက်ပါ။
နောက်တစ်နာရီကြာမှ ပြောသင့်တဲ့စကား
နောက်တစ်နာရီမှာ ပြောပါ။
သတိရတုန်းဆိုပြီး ချက်ချင်းမပြောလိုက်နဲ့။
နောက်တစ်ရက်မှ ပြောသင့်တဲ့စကား
နောက်တစ်ရက်မှ ပြောပါ။
မေ့သွားမှာစိုးလို့ဆိုပြီး ဒီနေ့မပြောလိုက်ပါနဲ့။
ကိုယ့်အတွက်လည်းဘာမျှ အကျိုးမရှိ
သူ့အတွက်လည်း ထိခိုက်စေမယ့်စကားမျိုးဆိုရင်
မှန်နေတောင်မှ လုံးဝမပြောပါနဲ့။
လုပ်ကြံပြီးပြောဖို့ စိတ်ကူးထဲတောင် မထည့်ပါနဲ့။
ဆရာတော် ရှင်ဆန္ဒာဓိက
ဆရာတော်၏ဆုံးမစကားများသည် လွန်စွာလေးနက်ပြီး ထိရောက်မှုရှိသည်။ ယနေ့ခောတ်တွင် လူသားများသည် ရှင်သန်ရပ်တည်ရန်ခက်ခဲလာသည်နှင့်အမျှ မိမိကိုယ်ကျိုးအတွက် မည်သည့်အရာကိုမဆို အသုံးပြုရန် ၀န်မလေးတော့ပေ။ ထိုအခြေအနေများတွင် ပြောသင့်မပြောသင့် မစဉ်းစားတော့ပဲ ပြောကြသည်။ ထိုသို့ပြောကြရာမှ အချင်းချင်း ခင်မင်မှု၊ ရင်းနှီးမှု၊ယုံကြည်မှုများပျောက်ဆုံးကာ မိတ်ပျက်ကြရသည်။ ကျွန်တော်သည်လည်း ပုထုဇဉ်လူသားဖြစ်ပေရာ တစ်ခါတစ်ရံတွင် ပြောသင့်မပြောသင့်မစဉ်းစားဘဲပြောမိသည်လည်းရှိသည်။ သို့ဖြစ်ရာ လူသားတိုင်း ဥာဏ်နှင့်စကားပြောနိုင်သူများ ဖြစ်နိုင်ပါစေ ဆန္ဒပြုလိုက်ပ်သည်။
Showing posts with label အသံနဲ့အမှားနှောမှာလား။ ဥာဏ်နဲ့စကားပြောမှာလား၊. Show all posts
Showing posts with label အသံနဲ့အမှားနှောမှာလား။ ဥာဏ်နဲ့စကားပြောမှာလား၊. Show all posts
Thursday, December 6, 2007
Subscribe to:
Posts (Atom)
