Powered By Blogger

Thursday, August 14, 2008

ကုန်သွယ်မှု ပေါ်လစီကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မည်သို့မည်ပုံ သုံးစွဲကြသနည်း

ကုန်သွယ်မှုပေါ်လစီဆိုသည်မှာ နိုင်ငံများ၏ ပို့ကုန်သွင်းကုန်များအပေါ် ကုန်စည်နှင့် ၀န်ဆောင်မှုများ ပြုလုပ်ရမည်ဆိုပြီး တိုက်ရိုက်လွှမ်းမိုးနိုင်သော အစိုးရ၏ ပေါ်လစီပင်ဖြစ်သည်။ ကုန်သွယ်မှုပေါ်လစီ၏ အဓိက ကိရိယာများမှာ (Main Instruments of Trade Policy) သွင်းကုန်ခွန်(Tariff)နှင့် သွင်းကုန်မဟုတ်သော အတားအဆီးများ(Non- Tariff Barriers) တို့ဖြစ်ပါတယ်။ သွင်းကုန်ခွန်မှာ ယူနစ်အပေါ်တွင် ကောက်ခံသော အခွန် (Specific Tariff)နှင့် တန်ဖိုးအပေါ်တွင် ကောက်ခံသည့်အခွန် (ad-valorem Tariff)ဟု ခွဲခြားထားပါသည်။ သွင်းကုန်မဟုတ်သော အတားအဆီးများ(Non- Tariff Barriers) သို့မဟုတ် (Non- Trade Barriers)များမှာ သွင်းကုန်ပမာဏသတ်မှတ်ခြင်း(Import Quota)၊ သွင်းကုန်တင်ပို့သောသူဘက်မှ အလိုအလျောက်သူ၏ ပို့ကုန်ကို သတ်မှတ်ခြင်း(Voluntary export Restraints-VERs)၊ ဆင့်တိုးတန်ဘိုးခွန်များ(Valued Added Tax- VAT)၊ အစိုးရ၏ ၀ယ်ယူထောက်ပံ့မှုများ(Government Procurement Provision)၊ ပြည်တွင်းပါဝင်မှု ကန့်သတ်ချက် (Domestic Content Provision) ၊အုပ်ချုပ်ရေး ပိုင်းခြားမှု အဆင့်များ(Administration classification)၊ ၀န်ဆောင်မှုလုပ်ငန်းအပေါ် ကန့်သတ်ချက်များ(Restriction on services Trade)နှင့် ကုန်သွယ်မှုနှင့် ပတ်သက်သော အရင်းအနှီး အတိုင်းအတာများ(Trade Related Investment Structure-TRIMs) တို့ပင်ဖြစ်သည်။ လွတ်လပ်သော ကုန်သွယ်မှုဧရိယာများ ဖွဲ့စည်းလာခဲ့သည့် ယခုနောက်ပိုင်းအခြေအနေများတွင် သွင်းကုန်ခွန်အစား သွင်းကုန်ခွန်မဟုတ်သော အတားအဆီးများ(Non-tariff Barriers)ကိုသာ ပိုမိုသုံးစွဲလာခဲ့သည်။
ဆက်လက်ဖော်ပြပါမည်။

Monday, August 11, 2008

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျင့်သုံးလျှက်ရှိသော ကုန်သွယ်ရေးမူဝါဒများ

ယနေ့ခေတ် မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည်ဖြင့် ကဏ္ဍအတော်တော်များများတွင် အတားအဆီးများစွာကို ရင်ဆိုင်ကျော်ဖြတ်နေရချိန်ဖြစ်သည်။ အမှန်ဝန်ခံရလျှင် ထိုကဲ့သို့သော ပြဿနာများကို ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲစသည်ဖြင့် နိုင်ငံအတော်များများတွင် ရင်ဆိုင်နေရသည်။ သို့ဖြစ်ရာ နိုင်ငံများသည် မိမိနိုင်ငံ၏ ရပ်တည်နိုင်မှုကို အခြားနိုင်ငံများနှင့် လက်တွဲကာ ရပ်တည်ချက် ပိုမြဲအောင် ဆောင်ရွက်နေကြသည်။ ထို့ကြောင့် နိုင်ငံအများစုပါဝင်သော ကမ္ဘာ့ကုလသမ္မဂကဲ့သို့ နိုင်ငံတကာမှ ပူးပေါင်းထားသော နိုင်ငံတကာ အဖွဲ့အစည်းများ ပေါ်ပေါက်လာသကဲ့သို့ အီးယူ၊ အာဆီယံကဲ့သို့သော ဒေသဆိုင်ရာ ပူးပေါင်းထားသော ဒေသတွင်း အဖွဲ့အစည်း များလည်း ပေါ်ပေါက်လာသည်။ ထိုအဖွဲ့အစည်းများကြားတွင် ဒေသဆိုင်ရာ စီးပွားရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြသည်။ သို့ဖြစ်ပါ၍ မြန်မာပြည်သူပြည်သားများ နိုင်ငံတစ်နိုင်ငံတွင် ကျင့်သုံး လျှက်ရှိသော ကုန်သွယ်ရေးမူဝါဒများကို ကောင်းစွာနားလည်ပြီး စီးပွားရေးလုပ်ငန်းများကို ပိုမိုအောင်မြင်စွာ လုပ်ဆောင်နိုင်စေရန် လေ့လာမိသမျှ တင်ပြလိုက်ခြင်း ဖြစ်ပါသည်။
သို့သော်လည်း အချိန်အခက်အခဲရှိပါသောကြောင့် အပိုင်းကဏ္ဍများ ခွဲခြား၍ တင်ဆက်လိုက်ရပါသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျင့်သုံးလျှက်ရှိသော ကုန်သွယ်ရေးဆိုင်ရာ မူဝါဒများ -( အပိုင်း-၁)

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုသည် နိုင်ငံများ၏ ကုန်စည်နှင့် ၀န်ဆောင်မှုများကို တင်ပို့တင်သွင်းသည့် ဖြစ်စဉ်ပင် ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် အဓိက အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေသည်ကို တွေ့ရှိရသည်။
ဤအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုကို လူအများက နိုင်ငံစုံ ကုန်သွယ်မှုစနစ်မှ တဆင့် လူနေမှုအဆင့်အတန်းတိုးတက်စေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးမှု ဖြစ်ပေါ်စေခြင်း စသည့်တိုးတက်များပြားလာသော အခွင့်အရေးများမှ တဆင့် လူမှုကောင်းကျိုးများရရှိစေသည်ဟု အသိအမှတ် ပြုကြပေသည်။
နိုင်ငံတစ်ခုသည် အခြားနိုင်ငံတစ်ခုနှင့် ကုန်သွယ်ရန် ဆုံးဖြတ်ချက်မှာ ဇောက်ချထုတ်လုပ်မှုများကို ဖြစ်ပေါ်စေပြီး မိမိနိုင်ငံအတွက် အခြားလိုအပ်ချက်များကို အပြည်ပြည်ဆိုင်ရာ ဈေးကွက်မှ ရှာဖွေဖြည့်ဆည်းမည် ဖြစ်ပါသည်။ တဖန် ဇောက်ချထုတ်လုပ်မှု (Specialization) သည် ထုတ်လုပ်မှုစွမ်းဆောင်ရည်နှင့် လူနေမှုအဆင့်အတန်းကို ပိုမို တိုးတက်လာစေပါသည်။
လွတ်လပ်နေသော ကုန်သွယ်မှုဆိုသည်မှာ နိုင်ငံများအကြား စီးဆင်းမည့် ကုန်စည်နှင့် ဆောင်ရွက်မှုများ ရွေ့လျားမှုအပေါ် ထိန်းချုပ်၍ မရသော ပေါ်လစီပင် ဖြစ်သည်။ ဤအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုသည် နိုင်ငံများ၏ စားသုံးမှုအခြေအနေ (Consumption possibilities)ကို တိုးချဲ့ရာ ရောက်သည်။ ဆိုလိုသည်မှာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုသည် နိုင်ငံတစ်ခုအတွက် ကုန်စည်နှင့် ၀န်ဆောင်မှုများကို ပိုမိုစားသုံးခွင့် ရစေနိုင်ခြင်းပင် ဖြစ်သည် ။
အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုသည် ကမ္ဘာကြီး၏ သယံဇာတခွဲဝေမှုကို အကောင်းဆုံးနှင့် စွမ်းဆောင်ရည် အပြည့်ဝဆုံးဖြစ်ပေါ်စေပြီး ကုန်သွယ်မှုတွင် ပါဝင်နေသော နိုင်ငံများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာမှုကို ဦးတည်နေသော်လည်း နိုင်ငံများသည် မိမိနိုင်ငံ၏ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို ကာကွယ်ပေးဖို့ လိုအပ်ကြောင်း ရှုမြင်လာကြသည်။ အကာအကွယ်ပေးမှုစနစ်ဆိုသည်မှာ ကုန်စည်နှင့် ဆောင်ရွက်မှုများအပေါ် ကုန်သွယ်မှုအတားအဆီးများ (Trade Barriers)များကို ပြဌာန်းပေးပြီး ပြည်တွင်းစက်မှုလုပ်ငန်းငယ်လေးများ (Infant Industries) ကို နိုင်ငံခြား ပြိုင်ဆိုင်မှု (Foreign Competition) မှ အကာအကွယ် ပေးသော မူဝါဒပင် ဖြစ်သည်။
အကာအကွယ်ပေးမှုစနစ် (Protectionism)ကို လိုအပ်ကြောင်း ရှုမြင်လာရခြင်းမှာ နိုင်ငံများ၏ အစိုးရများသည် ကမ္ဘာကြီး၏ ကုန်ထွက်များကို အမြင့်မားဆုံး ဖြစ်ပေါ်စေခြင်း (သို့မဟုတ်) ကမ္ဘာကြီး၏ ကောင်းကျိုးများကို တိုးတက်စေခြင်းထက် မိမိနိုင်ငံ၏ ရည်ရွာ်ချက်နှင့် မိမိလူမျိုးများ ကောင်းစားရေး (Domestic welfare) ကို စိုးရိမ်ပူပန်မှု ရှိခြင်းကြောင့်ပင် ဖြစ်ကြသည်။ ဆိုလိုသည်မှာ နိုင်ငံများသည် လက်တွေ့တွင် ကမ္ဘာ့အရေးထက် မိမိပြည်တွင်းရေး၊ မိမိနိုင်ငံ၏ အမျိုးသား အကျိုးစီးပွားကို ပိုမိုလိုလားတတ်ကြသည်။

စာကြွင်း။ ။ အချိန်ပြည့်ပြီ ဖြစ်ပါသောကြောင့် ဤနေရာတွင် ပထမပိုင်းကို ရပ်ဆိုင်းလိုက်ရပါသည်။ ဒုတိယပိုင်း ဆက်လက်ထွက်ရှိပါမည်။

Sunday, August 10, 2008

Marketing အကြောင်း တစေ့တစောင်း

ယနေ့ခေတ်တွင် ကမ္ဘာတစ်ဝှမ်း၌ ဈေးကွက်စီးပွားရေးစနစ်ကို ကျယ်ပြန့်စွာ လက်ခံကျင့်သုံးလာကြရာ နိုင်ငံတိုင်းရှိ စီးပွားရေးအဆောက်အအုံ၏ ပုံသဏ္ဍန်မှာလည်း များစွာပြောင်းလဲတိုးတက်ခဲ့သည်။ ၂၀ရာစု အချိန်ကာလများရှိ စီးပွားရေးအဆောက်အအုံသည် စက်မှုလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများ အပေါ်တွင်သာ အခြေခံခဲ့သော်လည်း ၂၁ရာစုတွင်မူ သတင်းအချက်အလက်များနှင့် နည်းပညာတိုးတက်မှုကို အခြေခံထားသည်။ ဈေးကွက်စီးပွားရေးစနစ်အတွင်း စားသုံးသူများ၏ လိုအပ်ချက်များကို အခြေခံကာ ဈေးကွက်ချဲ့ထွင်ခြင်းဖြင့် စီးပွားရေးအဆောက်အအုံအတွင်း ပြင်းထန်စွာပြိုင်ဆိုင်နေကြသည်။ ဈေးကွက်အတွင်း စံချိန်မှီသော ပစ္စည်းများ ရှိရန်လိုအပ်သကဲ့သို့ ထိုကုန်စည်များကို စားသုံးသူများထံ ရောက်ရှိအောင် ဆောင်ရွက်ပေးနိုင်မည့် Marketer များလည်းရှိရန် လိုအပ်သည်။ သို့ဖြစ်ရာ လုပ်ငန်းတစ်ခုလုံးတွင် Customer များနှင့် အများဆုံးထိတွေ့ ဆက်ဆံရသူများမှာ Marketer များဖြစ်လာသည်။ ထိုသူများအနေဖြင့် ဈေးကွက်တွင် တိုက်ရိုက်ထိတွေ့ရာ၌ Selling Concept နှင့် Marketing Concept အကြားရှိ မတူညီမှုများကို ကောင်းစွာနားလည် သဘောပေါက်ရန်လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် သဘောတရားချင်းလွန်စွာ ဆက်စပ်သောအခါ မှားယွင်းလက်ခံသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်ပါသည်။

Selling Concept

1.Emphasis is on Products.

2.Company first makes the product and then figures out how to sell.

3. Management is sales volume- oriented.

4. Planning is short-run oriented.

5.Needs of Sellers are stressed.

Marketing Concept
1. Emphasis is on Customer's want.

2. Company first determines Customer's wants and figures out how to make and deliver a product to satisfy those wants.

3. Management is profit oriented.

4. Planning is long-run oriented.

5. Wants of buyers are stressed.

အထက်ဖော်ပြပါ သဘောတရားနှစ်ခုမှာ တူမယောင်ရှိသော်လည်း လွန်စွာကွာခြားလှသည်။ Selling concept ကိုကျင့်သုံးသော စီးပွားရေးလုပ်ငန်း ၊ စက်မှုလုပ်ငန်းတစ်ခုအနေဖြင့် ဈေးကွက်လိုလားချက်များကို သုံးသပ်ခြင်းမရှိဘဲ မိမိတို့လုပ်ငန်း၏ အားသန်ရာ ကုန်ပစ္စည်းများကို ဦးစွာထုတ်လုပ်ပြီးမှ ထိုကုန်စည်ကို ဈေးကွက်ထဲသို့ တင်ပို့ရောင်းချခြင်းဖြစ်သည်။ ဈေးကွက်အတွင်းရောက်ရှိပြီးသည့်အခါတွင်လည်း အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ဈေးကွက်လိုအပ်ချက်များကို လေ့လာခြင်းမရှိချေ။ ထုတ်လုပ်ပြီးသား ကုန်စည်များ အရောင်းသွက်ရေးသာ အာရုံစိုက်နေသည်။ Marketing Concept၏ အခြေခံထားမှုသည် စားသုံးသူများ၏ လိုအပ်ချက်ဖြစ်ရာ ထုတ်လုပ်လိုက်သော ကုန်စည်သည် ဈေးကွက်အတွင်းသို့ ရောက်ရှိအောင် ကြိုးစားမှုတွင် Selling concept ကဲ့သို့ အချိန်ကြာမြင့်မှု မရှိပေ။ Selling concept နှင့် Marketing concept နှစ်ခုလုံးတွင် ကုန်စည်များ ဈေးကွက်အတွင်းသို့ ရောက်ရှိချိန်တူညီစေကာမူ Selling Conceptကို ကျင့်သုံးသော စီးပွားရေးလုပ်ငန်းသည် Transaction Cost ပိုမိုကုန်ကျနိုင်သည်။ ကျွန့်တော့်အယူအဆသည် ယနေ့ခေတ်စီးပွားရေး အဆောက်အအုံသည် ယှဉ်ပြိုင်မှုများသော ဈေးကွက်ဖြစ်ရာ Selling concept ကို ကျင့်သုံးသော စီးပွားရေးလုပ်ငန်း၏ ရပ်တည်နိုင်မှုသည် ကန့်သတ်ချက်များစွာနှင့် မိတ်ဖွဲ့ရပေလိမ့်မည်။

Thursday, August 7, 2008

အလယ်လူ ဘာကြောင့်ပျောက်နေလဲ

စီမံခန့်ခွဲမှုလို့ပြောရင် အများအမြင်မှာက ရာထူးအဆင့်မြင့်သူတွေ၊ လူကြီးတွေသာ လုပ်ဆောင်ရမယ့်အရာလို့ ယူဆချက် ကလေးတွေ ရှိနေပါတယ်။ အမှန်တကယ်က နေရာတိုင်း၊ လူတိုင်းအတွက် သက်ဆိုင်တဲ့ စကားစု ကလေးပါ။ ဒီတခါတင်ပြချင်လာတဲ့ အကြောင်းအရာကလေးက နိုင်ငံတကာမှာ အထူးသဖြင့် မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အချို့သော အကြောင်းအရာဖြစ်ပါတယ်။ ရှေးအစဉ်အဆက်ကတည်းက ယဉ်ကျေးမှု၊ စာပေ၊ ရိုးရာ စသည်ဖြင့် အဆင့်ဆင့် လက်ဆင့်ကမ်းခဲ့တာပါ။ ဒါပေမယ့် အကြောင်းအရာ တစ်ခုကိုတော့ လက်ဆင့်ကမ်းဖို့ ပျက်ကွက်နေဆဲပါ။ လူအမျိုးမျိုး၊ စိတ်အထွေထွေ ဆိုသကဲ့သို့ အခုတင်ပြမယ့် အကြောင်းအရာ အပေါ်မှာလည်း ကွဲလွဲမှုလေးတွေ ရှိနေနိုင်ပါတယ်။
ယနေ့ခေတ်မှာ အစိုးရ၀န်ထမ်းပဲဖြစ်ဖြစ်၊ ပုဂ္ဂလိက ၀န်ထမ်းပဲ ဖြစ်ဖြစ် ကိုယ့်နေရာကို ကိုယ်မလုပ်နိုင်တော့တဲ့အချိန်မှာ ရောက်လာမယ့်သူကို ၀မ်းမြောက်စွာ ကြိုဆိုလိုခြင်း လွန်စွာနည်းပါးပါတယ်။ ဥပမာအနေနဲ့ တင်ပြရမယ်ဆိုရင် ပင်စင်ယူရတော့မယ့် အကြီးအကဲတစ်ယောက်ဟာ သူ့နေရာမှာ ဆက်လက်တာဝန်ထမ်းဆောင်မယ့် ၀န်ထမ်းကို လုပ်ငန်းဆိုင်ရာ သဘောတရားများ၊ လုပ်ထုံးလုပ်နည်းများကို ကောင်းစွာ ဖြန့်ဝေသင့်ပါတယ်။ ဒီနေရာမှာ မြန်မာလူမျိုးတွေရဲ့ သန္တန်မှာ စွဲနေတဲ့ အယူအဆက `ငါမွေးတဲ့ မျောက် ငါ့ပြန်ခြောက်မှာစိုးလို့´ စတဲ့အယူအဆတစ်ခုနဲ့ ဆရာစားများစွာ ချန်ထားတာတွေ့ရပါတယ်။ ဒီလိုဆရာစားချန်ထားတဲ့အတွက် နောက်ရောက်လာတဲ့သူက လုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာ စမ်းတ၀ါးဝါးနဲ့ လုပ်ဆောင်ရတာ ကြန့်ကြာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် မန်နေဂျာကောင်း ခေါင်းဆောင်ကောင်း တစ်ယောက်အနေနဲ့ Sharing, Transferring, Explaining စတဲ့ မူဝါဒကောင်းလေးတွေ ရှိဖို့လိုအပ်ပါတယ်။
အထက်ပါ ယူဆချက်ကလေးနဲ့ ပတ်သက်ပြီး နောက်လိုက်တွေ၊ လူငယ်တွေဘက်မှလည်း ပြုပြင်စရာ လိုပါသေးတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရေးသားသော လူကြီးနဲ့ လူငယ် စကားပြေထဲကလို အယူအဆလွဲတာမျိုးလည်း မဖြစ်သင့်ပါဘူး။ လုပ်ငန်းဆိုင်ရာ သိမှတ်ဖွယ်ရာများကို သေချာသင်ယူသင့်ပါတယ်။ မိမိတာဝန်ယူရတဲ့အလှည့်မှာ ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ လိုက်လျောညီထွေ လုပ်ဆောင်နိုင်ရန် ကြိုးစားသင့်ပါတယ်။ ရှေ့လူကလည်း ဆရာစားမချန်၊ နောက်လူကလည်း ကြိုးစားမှုရှိရင် အလယ်လူ ပျောက်တယ်ဆိုတာ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားမည်ဟု မျှော်လင့်ပါကြောင်း

Tuesday, August 5, 2008

သင်၏ ယုံကြည်နိုင်မှုစွမ်းရည် (Trust Quotitent)

ဥစ္စာစီးပွားများကို အသစ်အသစ်တို့ကို လက်ဝယ်ပိုင်ဆိုင်နိုင်ရန် မိတ္တဗလကွန်ရက်အား အတူတကွ တည်မြဲစွဲကပ်စေမည့် အင်္ဂတေသည်ကား ယုံကြည်မှုပင် ဖြစ်တော့သည်။ ယုံကြည်နိုင်စွမ်းနှင့် အယုံအကြည်ခံနိုင်စွမ်းတို့သည် လုပ်ငန်းခွင်တွင် လည်းကောင်း၊ မိတ်ဆွေသင်္ဂဟအသိုင်းအ၀ိုင်းတွင်လည်းကောင်း အဓိကကျသည့် မဏ္ဍိုင်ပင်ဖြစ်ပါသည်။ သင်၏ယုံကြည်မှုစွမ်းရည် Trust Quotient ကိုတိုင်းတာဆန်းစစ်နိုင်ရန် အောက်ပါ အင်တာနက်စာမျက်တွင် အဖြေရှာနိုင်ပါသည်။ http://trustedadvisor.com/trust Quotient/dm
ဘ၀တွင် ကောင်းစွာနေထိုင်နည်း (Life and Living it Well)
လူသားများစွာတို့သည် ဆိုင်ရာဘ၀စာမျက်နှာများတွင် ရုန်းကန်လှုပ်ရှားရင်း ရပ်တည်နေထိုင်နိုင်ရန် ကြိုးစားရသည်။ ထိုကဲ့သို့နေထိုင်ရာတွင် ကောင်းစွာနေထိုင်တတ်စေရန် ရှောင်ရန်၊ ဆောင်ရန်များကို တင်ပြလိုက်ပါတယ်။
ရှောင်ရန်
၁။ အိပ်မက်များကို အကောင်အထည်ဖော်ရာတါင် အရှုံးပေးလက်လျှော့လိုက်ခြင်း
(လက်လှမ်းမမီနိုင်သော အိပ်မက်တစ်ခု ဖြစ်စေကာမူ ကြိုးစားအားထုတ်ရင်း အရာများစွာကို သင်ပိုင်ဆိုင်ရပါလိမ့်မည်။)
၂။လိုချင်တာမရတော့သဖြင့် စိတ်ပျက်အားလျှော့လိုက်ခြင်း
(အဲဒီအရာကို မရလိုက်ပေမဲ့ အတွေ့အကြုံတော့ ရလိုက်ပါတယ်လေ။)
၃။သွားရာလမ်းတွင် ဆူးညောင့်ခလုပ်တွေကြောင့် နောက်ကြောင်းပြန်လှည့်ခြင်း
(ဆူးညှောင့်ခလုပ်တွေရှိနေခြင်းက သင့်အား နှုတ်ထွက်ဖို့ မဟုတ်၊ သင်ဆန္ဒမည်မျှ ပြင်းပြသည် ဆိုသည်ကို သက်သေပြရန်သာ ဖြစ်သည်။)
၎။ အခြားသူများက သင်၏ရှုံးနိမ့်မှုများ၊ အမှားအယွင်းများအား လက်ညှိုးထိုး ရှုံ့ချကြလေလျှင် စိတ်ပျက်အားငယ်ကာ လက်မှိုင်ချလိုက်ခြင်း
( သူတို့ ရှုံ့ချတာက ကိုယ်ပိုကောင်းတာ မြင်ချင်လို့၊ ကိုယ့်ကိုဂရုစိုက်လို့ ဖြစ်မှာပေါ့။)
၅။စောတဒတက်ခြင်း၊ ငြီးငြူစွာ ဆူဆူပူပူလုပ်ခြင်း
(ပြဿနာကို ထိုကဲ့သို့ မဖြေရှင်းနို်င်ပါ။ ယင်းသို့ ပြုလုပ်မည့်အစား အလုပ်ကို ပိုမိုကြိုးစားလိုက်ပါ။ ရေရှည်တွင် ပိုမို အကျိုးရှိပါလိမ့်မည်။)
ဆောင်ရန်
၁။ ပျော်ရွှင်မှုနှင့် စူးစမ်းရှာဖွေမှု (အမြဲအသစ်အဆန်းတစ်ခုခု ဖန်တီးမှု)ကို အမြဲတစေ ထိန်းသိမ်းထားပါ။
(ကိုယ့်အသက်က ဘယ်လောက်ကြီးနေပစေပေါ့။)
၂။ ဘ၀၏ ရှုထောင့်စုံကို အကောင်းမြင်ဝါဒနှင့် ရှုမြင်သုံးသပ်ပြီး စိတ်အားထက်သန်မှုနှင့် စွမ်းရည်မြှင့်တင်ပါ။
၃။ အရာဝတ္ထုများထက် လူသားများကို ပိုမိုတန်ဖိုးထားပါ။
၎။လူတွေနှင့် အလုပ်ကောင်းကောင်း လုပ်ကိုင်ရာ၊ ကစားပွဲကောင်းများ ဆင်နွှဲရာတွင်
- မှန်သောစကားကို ဆိုပါ။ သိက္ခာရှိရှိ နေထိုင်ပါ။
- ကောင်းကောင်းမွန်မွန် တောင်းပန်တိုးလျှိုးတတ်ပါစေ။
- ကိုယ်မချစ်မနှစ်သက်သူများနှင့် လုပ်ကိုင်ဆောင်ရွက်ရာတွင် စိတ်ရှည်ရှည်ထားပါ။
-မည်သူ တစ်ဦးတစ်ယောက်မျှ မကောင်းဆိုးဝါး သတ္တ၀ါစစ်စစ်များ မဟုတ်ကြချေ။ အချိန်ပေးပြီး စောင့်ကြည့်ကာ သူတို့၏ ကောင်းကွက်ကလေးများကို ရှာဖွေပါ။
၅။ ကူညီခဲ့ဘူးသူများအား ကျေးဇူးတုန့်ပြန်ရန် သတိရပါ။
၆။ သင်၏ လက်ရှိဘ၀ကို ကောင်းမွန်စွာ ဖြတ်ကျော်ပြီး နည်းလမ်းကောင်းများနဲ့ ဆက်လက်ချီတက်ကာ ရှင်သန်ပါ။ ကြီးမားတဲ့ စွမ်းအားများက အရာရာကို စောင့်မကြည့်ရှု ပါလိမ့်မည်။ တဖြည်းဖြည်းနှင့် သင်၏ အိပ်မက်များအတိုင်း ဖြစ်လာမည်မှာ မလွဲပင် ဖြစ်ပါသည်။

စာကြွင်း ။ ။ ယခုတင်ပြသော စာစုသည် Human Capacity Enhancing သင်တန်းမှ သင်တန်းပို့ချသူတစ်ဦး၏ တွေးခေါ်မှုများဖြစ်ပါသည်။ ကျွန်တော်နှစ်သက်သောကြောင့် မိတ်ဆွေများအား တစ်စုံတစ်ရာ စိတ်ဓာတ်အင်အားများ ရရှိစေရန် တင်ပြလိုက်ရပါသည်။

စီမံခန့်ခွဲမှုဆိုင်ရာ သိကောင်းစရာ

် စီမံခန့်ခွဲမှုဆိုတာ လုပ်ဆောင်တတ်မှု အတတ်ပညာ( Art Of conducting)၊ ညွှန်ကြားတတ်မှု (Directing) ၊ တစ်နည်းအားဖြင့် Hands By Management လူအများက်ု လက်ညှိုးထိုးပြီး စီမံခန့်ခွဲနိုင်ခြင်းကို ဆိုလိုပါတယ်။ အဖွဲ့အစည်းတစ်ခုလုံးအနေနဲ့ အစိတ်အပိုင်းအားလုံးကို ဦးဆောင်နိုင်ရမယ်။ ကောင်းမွန်ထိရောက်သော ညွှန်ကြားမှုများကို လုပ်ဆောင်နိုင်ရမယ်။ ထိုကဲ့သို့ စီမံခန့်ခွဲနိုင်ခြင်းကို စီမံခန့်ခွဲမှုစွမ်းအား (Leading Power)ဟု ခေါ်ဆိုပါသည်။ ရရှိထားပြီးသော လူသားရင်းမြစ်စွမ်းအားအပြင် ဘဏ္ဍာငွေ၊ ဥာဏ်ရည်ဥာဏ်စွမ်း စသည့်စွမ်းအားစုများနှင့် စနစ်တကျ ပေါင်းစပ်အသုံးချတတ်ရန်လိုအပ်ပါသည်။ စီမံခန့်ခွဲသူ တစ်ယောက် အနေဖြင့် မိမိအဖွဲ့အစည်းအတွင်း မည်သူ့ထံတွင် မည်သည့်စွမ်းရည်များရှိသည်ကို ကောင်းစွာ လေ့လာ အကဲဖြတ်နိုင်ရန် လိုအပ်သည်။ စီမံခန့်ခွဲမှုသည် နေရာတိုင်းတွင် တည်ရှိနေသည်။ တစ်ဦး တစ်ယောက်ခြင်း သည်လည်း မိမိတို့ကိုယ်တိုင် ကောင်းစွာစီမံတတ်ရန် လိုအပ်လှပါသည်။ ပြောင်းလဲတိုးတက်မှုများစွာ ဖြစ်ပေါ်နေသော ယနေ့ခေတ်တွင် စီမံခန့်ခွဲမှုသည် ပိုမိုအရေးပါသော နေရာတွင် ရပ်တည်လာသည်။ သို့ဖြစ်ရာ ဧရိယာအမျိုးမျိုးပေါ်မူတည်ပြီး သီးသန့်ကွဲပြားတဲ့ လုပ်ဆောင်ချက်တိုင်းအတွက် စီမံခန့်ခွဲမှုတိုင်းသည် အရေးပါလှပေသည်။
စီမံခန့်ခွဲသူတစ်ယောက်တွင် ရှိရမည့် အခြေခံအချက် (၉)ချက်
၁။ အမြင်ကျယ်ရမည်။ ( Communicate the Big Picture)
၂။ တာဝန်ကို ခွဲဝေပေးတတ်ရမည်။ ( Delegate work and Responsibilities)
၃။ တက်ကြွအောင် စေ့ဆော်တတ်ခြင်း ( Help Employees Set Goals)
၎။ ပြဿနာကို ရှာဖွေတတ်ခြင်း ( Recognize Problems)
၅။အကျိုးကို ပြန်လည်ပေးအပ်ခြင်း (Reward Employees)
၆။ လုပ်ငန်းအတွေ့အကြုံ မျှဝေပေးခြင်း ( Be a Mentor)
၇။ သုံးသပ်ဆင်ခြင်ခြင်း ( Give Review)
၈။ ကိုယ်ခြင်းစာတတ်ခြင်း ( Have a Heart)
၉။ မန်နေဂျာကောင်းဖြစ်ရန် အချိန်ယူခြင်း (Take the Time to Be a Manager)