ယနေ့ခောတ်တွင် လူသားများသည် စိန်ခေါ်မှုများနှင့် အခက်အခဲများကြားတွင် နေကြရသည်ဖြစ်ရာ လူပင်ပန်းရုံမျှမက စိတ်ပင်ပန်းခြင်းနှင့်လည်း ရင်ဆိုင်ကရသည်။ စိတ်ဖိစီးမှုကြောင့် လူတစ်ဦးအား ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေရုံမျှမက စိတ်ပိုင်းဆိုင်ရာတွင်လည်း ထိခိုက်မှုများဖြစ်ပေါ်စေသည်။ သို့ဖြစ်ရာ သုတေသနပြုချက်မျာ အရ ရယ်မောလိုက်ခြင်းသည် လူသားတို့၏ Immune System ကိုပိုမိုကောင်းမွန်စေသည်။ ရယ်မောလိုက်လျှင် သွေးကြောနံရံများအတွင်း Fluidity ပိုမိုကောင်းမွန်စေသောကြောင့် သွေးသွားလာမှုကို ပိုမိုမှန်ကန်စေပြီး သွေးကြောအတွင်း အောက်ဆီဂျင်ပိုမို ပို့လွှတ်ရောက်ရှိစေနိုင်သည်။ ရယ်မောလိုက်ခြင်းဖြင့် စိတ်အတွင်း ခက်ထန်ရန်လိုနေမှုကို ပြေလျှော့သွားစေနိုင်သည်။ အကြောအခြင်လျှော့ပါး သက်သာစေနိုင်သည်။ ရယ်မောလိုက်လျှင် ဦးနှောက်အတွင်း သဘာဝ နာကျင်မှုဖျောက် Endorphin ဓာတုပစ္စည်းများ ထုတ်လွှတ်ပေးသည်။ အသက်ပိုရှူရာရောက်ပြီး အောက်ဆီဂျင်ပိုမိုရှူနိုင်သည်။ အဆုတ်ကို သန့်စေသည်။ သွေးကြောရှင်းလင်းသည်။ အသက်ရှူကောင်းစေသည်။ နှလုံးအားကောင်းစေသည်။ အစာကြေလွယ်သည်ဟု သိရသည်။
အခြားနိုင်ငံများတွင် Laughter Theraphy ခေါ် ဟားဟားကုထုံးသင်တန်းများ ဖွင့်လှစ်ထားရှိနေပြီ ဖြစ်သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း ထိုကဲ့သို့သော သင်တန်းများ ဖွင့်လှစ်ထားခြင်း မရှိသေးသော်လည်း ရယ်ရွှင်စရာ ဟာဒယရွှင်ဆေးအဖြစ် အငြိမ့်ခွေများအပြင် အခြားသော မိမိနှစ်သက်ရာ နည်းလမ်းများဖြင့် ဟားဟားကုထုံး လေ့ကျင့်နိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
Showing posts with label LAUGHTEER - THERAPY. Show all posts
Showing posts with label LAUGHTEER - THERAPY. Show all posts
Wednesday, December 12, 2007
Subscribe to:
Posts (Atom)
