Powered By Blogger
Showing posts with label sports' Champian. Show all posts
Showing posts with label sports' Champian. Show all posts

Sunday, December 23, 2007

စံချိန်သစ်တွေ ရပ်တန့်တော့မှာလား

လူသားများ၏ ရုပ်ပါဝါစွမ်းဆောင်ရည် အတိုင်းအတာ ကန့်သတ်မှုရှိသောကြောင့် ၂၀၆၀ပြည့်နောက်ပိုင်း နှစ်ကာလတွင် အားကစားလောကတွင် စံချိန်သစ်ဟူသော စကားလုံး ပျောက်ကွယ်နိုင်ကြောင်း ပညာရှင်များ၏ လေ့လာမှုများမှ သိရှိရသည်။ ယင်းကာလတွင် အကန့်အသတ်ဖြင့် ရှိနေသော လူသားစွမ်းရည်သည် အမြင့်ဆုံးသို့ရောက်နေပြီး ယင်းထက်ပိုမြန်သောစွမ်းရည် စံချိန်သစ်မှာ မရှိနိုင်တော့ကြောင်းသုံးသပ်ခဲ့သည်။ ပြင်သစ်နိုင်ငံမှ ဇီဝဆေးပညာရှင်များသည် ၁၈၉၆ခုနှစ်မှ ယနေ့အထိပေါ်ပေါက်ခဲ့သော အိုလံပစ်အားကစား စစ်တမ်းများကို လေ့လာပြီး ယင်းစစ်တမ်းကို ဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။ သုတေသနများအရ အစောပိုင်း အိုလံပစ်ပြိုင်ပွဲများတွင် အားကစားသမားများသည် လူ့ဇီဝကမ္မစွမ်းဆောင်ရည်၏ ၇၅ရာခိုင်နှုန်း အသုံးချကာ ယှဉ်ပြိုင်ခဲ့ကြသည်။ ယနေ့ခေတ်တွင်မူ ၉၀ရာခိုင်နှုန်းအထိ အသုံးချကာ ယှဉ်ပြိုင်ခဲ့ကြသည်။ ပြေးခုန်ပစ်၊ စက်ဘီး၊ အလေးမ၊ ရေကူး၊ စကိတ်စီး ဟူသော အားကစား၅မျိုးကို သုတေသနလုပ်ပြီးနောက် လူသား၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မှာ အကန့်အသတ် အတိုင်းအတာသို့ရောက်လာတော့မည်ဟု တွက်ချက်ပြခဲ့ခြင်းဖြစ်သည်။ သုတေသနကို ဦးဆောင်ခဲ့သည့် Irmes တက္ကသိုလ်မှ ယန်းဖရန် ဗစ်ထူးဆန့်က အနာဂတ် အားကစားကမ္ဘာတွင် စံချိန်ချိုးနိုင်ခြင်းက ပြိုင်ပွဲတစ်ခု အနိုင်ရခြင်းလောက် အရေးပါတော့ဖွယ် မရှိကြောင်း သုံးသပ်ခဲ့သည်။ လက်ရှိအချိန်တွင်ပင် အချို့သော ကမ္ဘာ့စံချိန်များမှာ ချိုးနိုင်ရန်ခက်ခဲနေပြီ ဖြစ်ပြီး လက်ရှိစံချိန်နှင့် ထပ်တူပြေးနိုင်ရန်ပင် ခက်ခဲလာပြီ ဖြစ်သည်။
Source: Weekly Eleven News (26.12.07)