Powered By Blogger

Wednesday, December 12, 2007

ကျွန်တော်နှစ်သက်သော အဆိုအမိန့်များ

ပါရမီရှင်ဆိုတာ အတွေးက နှစ်ရာခိုင်နှုန်း၊ ချွေးကနှစ်ရာခိုင်နှုန်း (သောမတ်စ် အက်ဒီဆင်)
ဒေါသဟူသည် မိုက်မဲခြင်းနှင့်စပြီး နောင်တနှင့် ဆုံးရစမြဲတည်း။ (ဂရိ- ဒသနဆရာ- ပိုက်သဂိုးရပ်စ်)
ကိုယ်မလုပ်သင့်သည်ကို လုပ်မိလျှင်၊ ကိုယ်မကြိုက်တာကို ခံယူရလိမ့်မည်။ ( အမေရိကန်ခေါငးဆောင် ဘင်ဂျမင် ဖရင်ကလင်း)
ပထမသော် အလေ့အထကို ကိုယ်က ဖန်တီး၏၊ နောင်သော် အလေ့အထက ကိုယ့်ကို ဖန်တီး၏။ (အဂ်လိပ်ကဗျာဆရာ- ဂျွန်ဒရိုင်းဒင်း)
မိဘတို့ကားအသက်ကို ပေး၏။ ဆရာတို့ကား ထို အသက်ကို စောင့်ရှောက်အပ်သော ပညာကိုပေး၏။ (ဂရိပညာရှင်-အရစ္စတိုတယ်)
အကိုင်းအခက်တို့အား
အပွင့်အသီးဖြင့် ဝေစည်အောင်
ဖန်တီးရခြင်းအတွက်
မြေကြီးအောက်မှ အမြစ်များသည်
မည်သည့်ဆုလာဘ်ကိုမျှ
မတောင်းပါ။
(ရာဘင်ဒြာ နာသ်တဂိုး)
သူငယ်ချင်းဟူသည် ကိုယ်က ကိုယ့်ကို ပြန်ပေးသော လက်ဆောင်ပင်ဖြစ်သည်။ (ရောဘတ်လူးဝစ် စတီဗင်ဆင်)

No comments: