ချို၊ ချဉ်၊ ငန်၊ စပ်၊ ဖန်၊ခါး ဟု အရသာ ခြောက်ပါးရှိသည်။ အဆိမ့်၊ ချိုဆိမ့်၊ အပူဟူသောနောက်ထပ် အရသာများလည်း ရှိသေးသည်။ မူလအရင်းခံ အရသာ ခြောက်ပါး၊ သူတို့အချင်းချင်းပေါင်းစပ်လိုက်လျှင် အရသာမျိုးစုံထွက်လာနိုင်သည်အရသာဆိုတာ အဘိဓမ္မာသဘောအရ ရသာရုံတစ်ပါးတည်းနှင့်ဆိုင်သော်လည်း တကယ်တမ်းတွင် အရသာ ခြောက်ပါးလုံးနှင့်ဆိုင်သည်။ လောကီလူသားများအတွက် အ၀တ်၊အစား၊အိမ်၊ကား စသည်ကိုယ်သန်ရာ ကိုယ်နောက်လိုက်၊ ကိုယ်ကြိုက်နှစ်သက်ရာ သည်သာအကောင်းဆုံးဖြစ်သည်ဟု သတ်မှတ်ထားကြသော်လည်း မြတ်စွာဘုရားရှင်က “သစ္စံဟဝေသာ ဒုတရံ ရသာနံ” သစ္စာတရားသည်သာ အချိုမြိန်ဆုံး အရသာဖြစ်သည်ဟု မိန့်တော်မူခဲ့သည်။
သစ္စာတရားသည် ကျယ်ပြန့်၏၊ အရေးပါ၏။ လူနှင့် လူ့ပတ်ဝန်းကျင်တွင် အလိုအပ်ဆုံးအရာသည် သစ္စာတရားဖြစ်သည်။ လူသားများတွင် စောင့်ထိန်းရမည့် သစ္စာတရားများရှိသည်။ ဆိုင်ရာသစ္စာကို မစောင့်ထိန်းဘဲ ချိုးဖောက်ကြလျှင်ဖြင့် ချိုးဖောက်ခံရသူတို့မှာ ခါးသီးစွာ ခံစားရတော့သည်။ လင်နှင့်မယား၊ အလုပ်ရှင်နှင့် အလုပ်သမား၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်း၊ ခင်မင်ရင်းနှီးသော သူငယ်ချင်း အချင်းချင်း စစသည်ဖြင့် ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် အချိုမြိန်ဆုံးသော အရသာကို အမြဲတမ်း ရရှိနေရန် လိုအပ်လှပေသည်။ အကြောင်းမှာ ထိုအချိုမြိန်ဆုံးသော အရသာကိုပင်လျှင် လူသားများအားလုံး ခုံမင်တပ်မက်သောကြောင့် ဖြစ်သည်။
Sunday, December 23, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment