Powered By Blogger
Showing posts with label Trade Policy. Show all posts
Showing posts with label Trade Policy. Show all posts

Thursday, September 11, 2008

ကုန်သွယ်မှုပေါ်လစီများချမှတ်ပြီး ပြည်တွင်း စီးပွားရေးလုပ်ငန်းများအား ကာကွယ်ပေးရသည့် အကြောင်းရင်းများ

ီကုန်သွယ်မှုပေါ်လစီဟာ နိုင်ငံတစ်နိုင်ငံရဲ့ အခြေခံစီးပွားရေးအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန် အရေးပါတဲ့ ပေါ်လစီတွေ ဖြစ်ပါတယ်။ ဒီလိုကုန်သွယ်မှုပေါ်လစီတွေ ချမှတ်ခြင်းအားဖြင့်
၁။ သက်နုစက်မှုလုပ်ငန်းများအား အကာအကွယ်ပေးရန်
( To protect infant industry argument)
၂။ လုပ်ငန်းများခွဲခြားထုတ်လုပ်မှု ပြုနိုင်ရန်
( The diversification of industry argument)
၃။ အလုပ်အကိုင်တည်မြဲရေး ဦးစားပေးရန်
( The employment argument)
၎။ သဘာဝသယံဇာတများ ထိန်းသိမ်းနိုင်ရန်
(The conservation of national resources argument)
၅။ အဓိက စက်မှုလုပ်ငန်းစုများအား အားပေးရန်
( The Key industry argument)
၆။ မိမိတို့ကိုယ်တိုင် ဖူလုံမှုစနစ်ကို ဦးစားပေးရန်
( The self sufficiency argument) စသည်တို့ ဖြစ်ကြပါသည်။ ၎င်းတို့ထဲတွင် သက်မှုစက်မှုလုပ်ငန်းများကို အကာအကွယ်ပေးသည့် တင်ပြချက်မှာ အထင်ရှားဆုံးဖြစ်သည်။

အဘယ့်ကြောင့် ထိုသို့ဦးစားပေးရသနည်း (Why infant industry argument is favoured? )

Infant industry argument အရ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နှိုင်းယှဉ်ခြင်း (Competitiveness) အားဖြင့် အကျိုးကျေးဇူးရှိပြီး အလားအလာကောင်းသော ထုတ်လုပ်မှုလုပ်ငန်းများ ရှိနေသည်ကို တွေ့ရသည်။ သို့သော် ဤဖွံ့ဖြိုးဆဲနိုင်ငံများတွင် တည်ရှိနေသော စက်မှုလုပ်ငန်းသစ်များ၏ ကနဦးအခြေအနေသည် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ကောင်းစွာတည်ထောင်ပြီးသော စက်မှုလုပ်ငန်းကြီးများနှင့် ကောင်းစွာ မယှဉ်ပြိုင်နိုင်သေးပေ။
ဤကဲ့သို့ စက်မှုလုပ်ငန်းငယ်လေးများကို အကာအကွယ်ပေးရန် အစိုးရသည် လုပ်ငန်းသစ်များကို အပြည်ပြည်ဆိုင်ရာ ယှဉ်ပြိုင်မှုဒဏ်ကို တွေ့ကြုံခံစားနိုင်စေရန် ရင့်ကျက်ချိန်ရောက်သည်အထိသာ အထောက်အပံ့ ပြုသင့်ပါသည်။ သို့သော် အချို့ပညာရှင်များ၏ ထောက်ပြချက်အရ သက်နုစက်မှုလုပ်ငန်း ငယ်လေးများကို အကာအကွယ်ပေးခြင်းအားဖြင့် ၎င်းတို့သည် မည်သည့်အခါမှ တိုးတက်ကြီးပွားမလာကြောင်း၊ အကူအညီ အထောက်အပံ့ အမြဲလိုအပ်လေ့ရှိကြောင်း ဖော်ပြလေ့ရှိသည်။

စက်မှုလုပ်ငန်းတိုးတက်ဖို့ မည်သည့်အခြေခံနည်းဗျူဟာများကို သုံးစွဲမည်နည်း။

ဖွံ့ဖြိုးဆဲနိုင်ငံတော်တော်များများတွင် Industrilization အတွက် အခြေခံနည်းဗျူဟာမှာ အကောက်ခွန် ကောက်ခံခြင်း(Tariff) နှင့် သွင်းကုန်ပမာဏ သတ်မှတ်ခြင်း (Quotas) အစရှိသည့် ကုန်သွယ်မှု အဟန့်အတားများ (Trade Barriers) နှင့် ပြည်တွင်းဈေးကွက် ကိုရှေ့ရှုပြီး စက်မှုလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေနိုင်ပါသည်။ ဤသည်မှာ ပြည်တွင်း ထုတ်ကုန်လုပ်ငန်းများအတွက် သွင်းကုန်အစားထိုး ထုတ်လုပ်ခြင်း လုပ်ငန်းများကို တွန်းအားပေးခြင်းပင် ဖြစ်ပါသည်။
စက်မှုလုပ်ငန်းများ၏ တင်သွင်းမှုကို ကန့်သတ်ခြင်းဖြင့် ပြည်တွင်းစက်မှုလုပ်ငန်းများအား အားပေးသည့် နည်းပညာကို စက်မှုသွင်းကုန် အစားထိုးသည့် နည်းဗျူးဟာ ဟု ခေါ်ဆိုနိုင်သည်။

Thursday, August 14, 2008

ကုန်သွယ်မှု ပေါ်လစီကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မည်သို့မည်ပုံ သုံးစွဲကြသနည်း

ကုန်သွယ်မှုပေါ်လစီဆိုသည်မှာ နိုင်ငံများ၏ ပို့ကုန်သွင်းကုန်များအပေါ် ကုန်စည်နှင့် ၀န်ဆောင်မှုများ ပြုလုပ်ရမည်ဆိုပြီး တိုက်ရိုက်လွှမ်းမိုးနိုင်သော အစိုးရ၏ ပေါ်လစီပင်ဖြစ်သည်။ ကုန်သွယ်မှုပေါ်လစီ၏ အဓိက ကိရိယာများမှာ (Main Instruments of Trade Policy) သွင်းကုန်ခွန်(Tariff)နှင့် သွင်းကုန်မဟုတ်သော အတားအဆီးများ(Non- Tariff Barriers) တို့ဖြစ်ပါတယ်။ သွင်းကုန်ခွန်မှာ ယူနစ်အပေါ်တွင် ကောက်ခံသော အခွန် (Specific Tariff)နှင့် တန်ဖိုးအပေါ်တွင် ကောက်ခံသည့်အခွန် (ad-valorem Tariff)ဟု ခွဲခြားထားပါသည်။ သွင်းကုန်မဟုတ်သော အတားအဆီးများ(Non- Tariff Barriers) သို့မဟုတ် (Non- Trade Barriers)များမှာ သွင်းကုန်ပမာဏသတ်မှတ်ခြင်း(Import Quota)၊ သွင်းကုန်တင်ပို့သောသူဘက်မှ အလိုအလျောက်သူ၏ ပို့ကုန်ကို သတ်မှတ်ခြင်း(Voluntary export Restraints-VERs)၊ ဆင့်တိုးတန်ဘိုးခွန်များ(Valued Added Tax- VAT)၊ အစိုးရ၏ ၀ယ်ယူထောက်ပံ့မှုများ(Government Procurement Provision)၊ ပြည်တွင်းပါဝင်မှု ကန့်သတ်ချက် (Domestic Content Provision) ၊အုပ်ချုပ်ရေး ပိုင်းခြားမှု အဆင့်များ(Administration classification)၊ ၀န်ဆောင်မှုလုပ်ငန်းအပေါ် ကန့်သတ်ချက်များ(Restriction on services Trade)နှင့် ကုန်သွယ်မှုနှင့် ပတ်သက်သော အရင်းအနှီး အတိုင်းအတာများ(Trade Related Investment Structure-TRIMs) တို့ပင်ဖြစ်သည်။ လွတ်လပ်သော ကုန်သွယ်မှုဧရိယာများ ဖွဲ့စည်းလာခဲ့သည့် ယခုနောက်ပိုင်းအခြေအနေများတွင် သွင်းကုန်ခွန်အစား သွင်းကုန်ခွန်မဟုတ်သော အတားအဆီးများ(Non-tariff Barriers)ကိုသာ ပိုမိုသုံးစွဲလာခဲ့သည်။
ဆက်လက်ဖော်ပြပါမည်။

Monday, August 11, 2008

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျင့်သုံးလျှက်ရှိသော ကုန်သွယ်ရေးမူဝါဒများ

ယနေ့ခေတ် မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည်ဖြင့် ကဏ္ဍအတော်တော်များများတွင် အတားအဆီးများစွာကို ရင်ဆိုင်ကျော်ဖြတ်နေရချိန်ဖြစ်သည်။ အမှန်ဝန်ခံရလျှင် ထိုကဲ့သို့သော ပြဿနာများကို ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲစသည်ဖြင့် နိုင်ငံအတော်များများတွင် ရင်ဆိုင်နေရသည်။ သို့ဖြစ်ရာ နိုင်ငံများသည် မိမိနိုင်ငံ၏ ရပ်တည်နိုင်မှုကို အခြားနိုင်ငံများနှင့် လက်တွဲကာ ရပ်တည်ချက် ပိုမြဲအောင် ဆောင်ရွက်နေကြသည်။ ထို့ကြောင့် နိုင်ငံအများစုပါဝင်သော ကမ္ဘာ့ကုလသမ္မဂကဲ့သို့ နိုင်ငံတကာမှ ပူးပေါင်းထားသော နိုင်ငံတကာ အဖွဲ့အစည်းများ ပေါ်ပေါက်လာသကဲ့သို့ အီးယူ၊ အာဆီယံကဲ့သို့သော ဒေသဆိုင်ရာ ပူးပေါင်းထားသော ဒေသတွင်း အဖွဲ့အစည်း များလည်း ပေါ်ပေါက်လာသည်။ ထိုအဖွဲ့အစည်းများကြားတွင် ဒေသဆိုင်ရာ စီးပွားရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြသည်။ သို့ဖြစ်ပါ၍ မြန်မာပြည်သူပြည်သားများ နိုင်ငံတစ်နိုင်ငံတွင် ကျင့်သုံး လျှက်ရှိသော ကုန်သွယ်ရေးမူဝါဒများကို ကောင်းစွာနားလည်ပြီး စီးပွားရေးလုပ်ငန်းများကို ပိုမိုအောင်မြင်စွာ လုပ်ဆောင်နိုင်စေရန် လေ့လာမိသမျှ တင်ပြလိုက်ခြင်း ဖြစ်ပါသည်။
သို့သော်လည်း အချိန်အခက်အခဲရှိပါသောကြောင့် အပိုင်းကဏ္ဍများ ခွဲခြား၍ တင်ဆက်လိုက်ရပါသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျင့်သုံးလျှက်ရှိသော ကုန်သွယ်ရေးဆိုင်ရာ မူဝါဒများ -( အပိုင်း-၁)

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုသည် နိုင်ငံများ၏ ကုန်စည်နှင့် ၀န်ဆောင်မှုများကို တင်ပို့တင်သွင်းသည့် ဖြစ်စဉ်ပင် ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် အဓိက အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေသည်ကို တွေ့ရှိရသည်။
ဤအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုကို လူအများက နိုင်ငံစုံ ကုန်သွယ်မှုစနစ်မှ တဆင့် လူနေမှုအဆင့်အတန်းတိုးတက်စေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးမှု ဖြစ်ပေါ်စေခြင်း စသည့်တိုးတက်များပြားလာသော အခွင့်အရေးများမှ တဆင့် လူမှုကောင်းကျိုးများရရှိစေသည်ဟု အသိအမှတ် ပြုကြပေသည်။
နိုင်ငံတစ်ခုသည် အခြားနိုင်ငံတစ်ခုနှင့် ကုန်သွယ်ရန် ဆုံးဖြတ်ချက်မှာ ဇောက်ချထုတ်လုပ်မှုများကို ဖြစ်ပေါ်စေပြီး မိမိနိုင်ငံအတွက် အခြားလိုအပ်ချက်များကို အပြည်ပြည်ဆိုင်ရာ ဈေးကွက်မှ ရှာဖွေဖြည့်ဆည်းမည် ဖြစ်ပါသည်။ တဖန် ဇောက်ချထုတ်လုပ်မှု (Specialization) သည် ထုတ်လုပ်မှုစွမ်းဆောင်ရည်နှင့် လူနေမှုအဆင့်အတန်းကို ပိုမို တိုးတက်လာစေပါသည်။
လွတ်လပ်နေသော ကုန်သွယ်မှုဆိုသည်မှာ နိုင်ငံများအကြား စီးဆင်းမည့် ကုန်စည်နှင့် ဆောင်ရွက်မှုများ ရွေ့လျားမှုအပေါ် ထိန်းချုပ်၍ မရသော ပေါ်လစီပင် ဖြစ်သည်။ ဤအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုသည် နိုင်ငံများ၏ စားသုံးမှုအခြေအနေ (Consumption possibilities)ကို တိုးချဲ့ရာ ရောက်သည်။ ဆိုလိုသည်မှာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုသည် နိုင်ငံတစ်ခုအတွက် ကုန်စည်နှင့် ၀န်ဆောင်မှုများကို ပိုမိုစားသုံးခွင့် ရစေနိုင်ခြင်းပင် ဖြစ်သည် ။
အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုသည် ကမ္ဘာကြီး၏ သယံဇာတခွဲဝေမှုကို အကောင်းဆုံးနှင့် စွမ်းဆောင်ရည် အပြည့်ဝဆုံးဖြစ်ပေါ်စေပြီး ကုန်သွယ်မှုတွင် ပါဝင်နေသော နိုင်ငံများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာမှုကို ဦးတည်နေသော်လည်း နိုင်ငံများသည် မိမိနိုင်ငံ၏ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို ကာကွယ်ပေးဖို့ လိုအပ်ကြောင်း ရှုမြင်လာကြသည်။ အကာအကွယ်ပေးမှုစနစ်ဆိုသည်မှာ ကုန်စည်နှင့် ဆောင်ရွက်မှုများအပေါ် ကုန်သွယ်မှုအတားအဆီးများ (Trade Barriers)များကို ပြဌာန်းပေးပြီး ပြည်တွင်းစက်မှုလုပ်ငန်းငယ်လေးများ (Infant Industries) ကို နိုင်ငံခြား ပြိုင်ဆိုင်မှု (Foreign Competition) မှ အကာအကွယ် ပေးသော မူဝါဒပင် ဖြစ်သည်။
အကာအကွယ်ပေးမှုစနစ် (Protectionism)ကို လိုအပ်ကြောင်း ရှုမြင်လာရခြင်းမှာ နိုင်ငံများ၏ အစိုးရများသည် ကမ္ဘာကြီး၏ ကုန်ထွက်များကို အမြင့်မားဆုံး ဖြစ်ပေါ်စေခြင်း (သို့မဟုတ်) ကမ္ဘာကြီး၏ ကောင်းကျိုးများကို တိုးတက်စေခြင်းထက် မိမိနိုင်ငံ၏ ရည်ရွာ်ချက်နှင့် မိမိလူမျိုးများ ကောင်းစားရေး (Domestic welfare) ကို စိုးရိမ်ပူပန်မှု ရှိခြင်းကြောင့်ပင် ဖြစ်ကြသည်။ ဆိုလိုသည်မှာ နိုင်ငံများသည် လက်တွေ့တွင် ကမ္ဘာ့အရေးထက် မိမိပြည်တွင်းရေး၊ မိမိနိုင်ငံ၏ အမျိုးသား အကျိုးစီးပွားကို ပိုမိုလိုလားတတ်ကြသည်။

စာကြွင်း။ ။ အချိန်ပြည့်ပြီ ဖြစ်ပါသောကြောင့် ဤနေရာတွင် ပထမပိုင်းကို ရပ်ဆိုင်းလိုက်ရပါသည်။ ဒုတိယပိုင်း ဆက်လက်ထွက်ရှိပါမည်။