Thursday, September 10, 2009
Social Intelligence အတွက် လျို့ဝှက်ချက်များ
၂။ Ethical Value
၃။ မိမိ၏ လုပ်ဆောင်ချက်၊ မိမိတို့၏ Standard တို့သည် အမြဲတမ်းပင် ပုံရိပ်ထင် ကျန်ရစ်ခဲ့သည်။
၎။ အရာရာကို ရှုမြင်သုံးသပ်ရာတွင် မိမိကိုယ်တိုင်တွင် ယုံကြည်ချက် (Confidence) ရှိရင် အပြုသဘောနှင့် ကြည့်မြင်ရရှိနိုင်သည်။
၅။ လူတို့ကို အပြုံးနှင့် ဆက်ဆံပါ။ (Smile at People) ပြုံးခြင်းသည် နွေးထွေးမှု (Warmly) ကိုပေးစွမ်းနိုင်သည်။ ယုံကြည်မှုနှင့်အတူ အပေါင်းလက္ခဏာဆောင်သော ပျော်ရွှင်မှုကို ဖြစ်ပေါ်စေရုံမျှမက လူတစ်ဦးအား ကမ်းလှမ်းကြိုဆိုရာလည်း ကျပါသည်။ (A Welcome Openness.)
၆။ ကိုယ့်ကို သူတပါးက စိတ်ဝင်စားစေချင်တယ်ဆိုရင် ကိုယ်ကစပြီး သူ့ကို စိတ်ဝင်စားဖို့လိုအပ်ပါသည်။ သူပြောတဲ့စကားတွေကို နားထောင်ပေးရပါမယ်။
၇။ မိမိကိုယ်ကို ရောင်းပါ။ (Sell yourself – like a product.) မိမိကိုယ်ကို အသုံးဝင်သောသူဖြစ်အောင် ကြိုးစားပါ. လူမှုရေးကွန်ယက် (Social Networking) အရမ်းလိုအပ်ပါသည်။
၈။ ယုံကြည်ချက်နှင့် ပတ်သက်၍လည်း လိုအပ်သည်ထက်မပိုဖို့တော့လိုသည်။ (Over Confidence) မဖြစ်ရန်လိုသည်။
၉။ ဆောင်ရွက်ချက်များ၊ ညှိနှိုင်းမှုများကို ပြုလုပ်ရာတွင် သဘောတူညီမှု၊ မတူညီမှုများဖြစ်လာနိုင်သည်။ (Agree to disagree) ဖြစ်နိုင်သည်ကို ကောင်းစွာသဘောပေါက်ရန်လိုအပ်ပါသည်။
Social Intelligence သည် ယနေ့ခေတ်တွင် လုပ်ငန်းခွင်အတွင်း၊ အဖွဲ့အစည်းအတွင်း၊ နေထိုင်ရှင်သန်ရာ ပတ်ဝန်းကျင်တွင်စသည်ဖြင့် များစွာ အရေးပါလာသည်။ ကျွန်တော် အမျိုးသားအကျိုးစီးပွားသုတေသနဌာနတွင် လုပ်ကိုင်ရင်း လေ့လာသင်ယူခဲ့မိသော Social Intelligence ကို ဖော်ပြရခြင်းဖြစ်ပါသည်။ ကျွန်တော်လက်လှမ်းမမီသေးသော အခြားသော အကြောင်းအချက်များလည်း ရှိနေနိုင်ပါသေးသည်။
Wednesday, September 9, 2009
လူမှုရေးထက်မြက်မှု (Social Intelligence)
စီမံခန့်ခွဲမှုကောင်းစေရန် ဥာဏ်ပညာ ထက်မြက်မှု (IQ) တင်မက လူမှုရေးထက်မြက်မှု (SQ) နှင့် ကိုယ်ချင်းစာတတ်စေမှု (EQ) တို့ပါကောင်းမွန်စေရန် လိုအပ်ပါသည်။ တခါတရံတွင်လည်း လူမှုရေးထက်မြက် စေရန် လုပ်ဆောင်ချက်များအဖြစ် Capacity Building or Capacity Development အဖြစ် ဆောင်ရွက်မှု များလည်း ကျယ်ပြန့်စွာ လုပ်ဆောင်လာ သည်ကို တွေ့မြင်ရသည်။ သဘာဝတရားအရ လူတိုင်းလူတိုင်းတွင် ရှိသင့်ရှိထိုက်သော စွမ်းရည်များ ရှိနေသည့်အတွက် ရှိပြီးသားစွမ်းရည်များကို ပိုမိုဖွံ့ဖြိုးစေရန် လုပ်ဆောင်ခြင်းပင် ဖြစ်သည်။ လူမှုရေးထက်မြက်မှု Social Intelligence ကို လူမှုရေးထက်မြက်မှုဟု မြန်မာလို ပြန်လည်ရေးသား ခဲ့သော်လည်း English Definition ကိုလည်း ဖော်ပြလိုက်ပါသည်။
From Wikipedia:
Social intelligence according to the original definition of Edward Thorndike, is “the ability to understand and manage men and women, boys and girls, to act wisely in human relations”.
Social Intelligence လူမှုရေးစွမ်းရည်သည် Social Skills ပေါင်းစုံနှင့် သက်ဆိုင်ခြင်းကြောင့် လူတစ်ဦးချင်းစီအတွက်သော်လည်းကောင်း၊ လူအများအကြားတွင်သော်လည်းကောင်း ကောင်းစွာအသုံးပြုနိုင်ရန် လိုအပ်ပေသည်။ လူမှုရေးစွမ်းရည်တွင် ဆက်စပ်အရေးပါ လျှက်ရှိသော အခြားသော အရည်အချင်းကောင်းများအဖြစ်
၁။ ညှိနှိုင်းနိုင်သည့် စွမ်းရည်ရှိခြင်း (Being Able to Negotiate)
၂။ ပဋိပက္ခများ၊ ညှိနှိုင်းမှုများကို (Conflicts and Negotiate) များကို လျှင်မြန်စွာ ဖြေရှင်းနားလည်နိုင်ခြင်း။
သို့ဖြစ်ရာ လူတိုင်းသည် မိမိနေ့စဉ်ရှင်သန်မှုတွင် Social Intelligence လိုအပ်သည်။ ကို မွေးမြူနိုင်ပေသည်။
Social Intelligence ဖြစ်ပေါ်လာစေရန်
၁။ လူတို့ကို စိတ်ရှင်စွာ နားထောင်ပေးခြင်း (Listening People)
၂။ လူတွေနှင့် စကားပြောပေးခြင်း (Making Social Small Talks)
၃။ အခြားသူ၏ စိတ်ထဲ၊ ရင်ထဲတွင် မည်သို့ခံစားနေရသည်ကို သိရှိခြင်း (Being Aware of How others are feeling)
၎။ မိမိ စိတ်ကူး၊ ယူဆချက်များ၊ အကြံဥာဏ်များကို ပေးဝေခြင်း (Felling yourself or your ideas)
၅။ မိမိကိုယ်တိုင်တွင် အပြုသဘောစိတ်ဓာတ်ရှိခြင်း (Positive Attitude towards Yourself)
၆။ စိတ်ပျက်စရာ အခြေအနေနှင့် ကြုံကြိုက်လျှင်တောင်မှ ရင်ဆိုင်ဖြေရှင်းနိုင်ခြင်း (Dealing with Awkward or Embarrassing Situation Gracefully.)
၇။ လူတွေအား ကောင်းသောတင်ပြချက်များ တည်ဆောက်ပေးပါ။ (Building Good Report with People)
၈။ မှန်ကန်သော အကြောင်းအချက်များအတွက် လူများစုဘက်မှ ရပ်တည်ပေးပါ။ (Standing out in a crowed for all the right reason.)
၉။ မိမိကိုယ်မိမိ စံထားရာ၊ မိမိသူများအတွက် ကောင်းကျိုးဖန်တီးပြုလုပ်ပေးနိုင်ခြင်းသည် မိမိကိုယ်တိုင်၏ Unique Selling Point များပင်ဖြစ်သည်။
တနည်းဆိုသော် မိမိ၏ USP များသည် မိမိ၏ Qualities များပင်ဖြစ်သည်။
၁၀။ မိမိကိုယ်မိမိ ယုံကြည်စိတ်ချခြင်း (Confidence)
၁၁။ မိမိဘ၀တွင် မျှော်မှန်းချက်ကြီးခြင်း (Life Vision)
၁၂။ မိမိက သူများအပေါ်တွင် လေးစားမှုရှိခြင်း (Respect)
၁၃။ မိမိက သူများအပေါ်တွင် ကြင်နာသနားစိတ် (Sympathy) ရှိခြင်းတို့သည်လည်း SI၏ အရည်အချင်းကောင်းများအဖြစ် ရပ်တည်နေပေသည်။
လူတို့၏ မျက်လုံးများကိုလည်း မိမိဥနှောက်၊ စိတ်ခံစားချက်တို့နှင့် ဖတ်တတ်ရမည်။ လူတို့၏ မျက်နှာကိုလည်း ဖတ်တတ်ရမည်။ လူတို့၏ Body မှ ပြောသောစကားများ (Body Language) ကိုလည်း ဖတ်တတ်ရမည်။ သူများပြောသော စကားများကို နားထောင်တတ်ခြင်းသည်လည်း ပညာတစ်ပါး (Art of Listening) ပင်ဖြစ်သည်။
လူတစ်ယောက်ကို ယခုကြုံတွေ့နေရချိန်တွင် အရေးမပါ၊ အဖက်မလုပ်သော ပုံစံနှင့်ထားပြီး မိမိလိုအပ်သော အချိန်တွင်မှ ပြန်လည်ဆက်သွယ်မှုမျိုးမှာ မလိုလားအပ်ပါ။ လူတစ်ယောက်နှင့် တွေ့ဆုံလျှင် သူသည် မိမိဘ၀အတွက် တစ်နေ့မဟုတ် တစ်နေ့တွင် အသုံးဝင်၊ ရင်းနှီးဆက်သွယ်ရမည့်သူတစ်ဦးဖြစ်လာ နိုင်သည်။ သို့ဖြစ်ရာ လူမှုဆက်ဆံရေးတွင် တစ်ဦးကို တစ်ဦးအလေးထားဆက်ဆံတတ်ရန် လိုအပ်ပါသည်။ ဤသည်မှာ ကွန်ယက်တည်ဆောက်ခြင်း (Making Network) ပင်ဖြစ်သည်။
Thursday, January 8, 2009
ဂလိုဘယ်လိုက်ဇေးရှင်းကို ပြန်လည်အသက်သွင်းခြင်း - အပိုင်း (၁)

ယခုနှစ် ကလင်တန်- ဘုရှ် သက်တမ်းတွင် အလွန်ကြီးမား သော ဘဏ္ဍာရေး အကျပ်အတည်း နှင့် ကြုံတွေ့ခဲ့ရပြီး စီမံခန့်ခွဲမှုများ အလွန်ရှုပ်ထွေးသွားခဲ့ရသည်။ အသစ်ရွေးချယ် ထားသော သမ္မတလောင်း အိုဘားမားက စီးပွားရေးပြန်လည် ထူထောင်မှုများ ပြုလုပ်ရန် အစီအစဉ်များ ရေးဆွဲနေပြီး သူ့အနေနှင့် ဘဏ္ဍာရေး အကျပ် အတည်းများ ကို ဖြစ်စေသည့် အဓိကကျသော အကြောင်းရင်းများကို ကောင်းစွာနားလည်နိုင်ရန် လိုအပ်သည်။ ကမ္ဘာ့ စီးပွားရေး၊ ဘဏ္ဍာ ရေးနှင့် ကုန်သွယ်မှုအနေအထားများကြားတွင် အမေရိကန်နိုင်ငံသည် အစိုးရကဏ္ဍ ပါဝင်မှု မရှိသော လွတ်လပ်သော ဈေးကွက်စီးပွားရေးကို ကျင့်သုံးကြသောကြောင့် အခက်အခဲနှင့် ကြုံရချိန်တွင် ထိန်းသိမ်းနိုင်ရန် ခက်ခဲသွားရခြင်းဖြစ်သည်။ ယနေ့အချိန်တွင် ကမ္ဘာ့စီးပွားရေး နှင့် ဘဏ္ဍာရေး အခြေအနေ များသည် ပင်ကိုယ်အားဖြင့် ကျဆင်းနေပေရာ သမ္မတလောင်း အိုဘားမားသည် အမေရိကန်နိုင်ငံ၏ လူလတ် တန်းစားများကို ပြန်လည်ထူထောင်မှု ပြုလုပ်နိုင်ရန် ရည်မှန်းထားသည်။ အမေရိကန်နိုင်ငံအနေဖြင့် မည်မျှပင် နိုင်ငံတွင်း ထူထောင်မှုများကို ပြုလုပ်နိုင်သည်ဖြစ်စေ ၎င်းအနေဖြင့် အောင်မြင်မှုရရန်မှာ ကမ္ဘာ တ၀ှမ်း အခြားသော နို်င်ငံများ၏ ပူးပေါင်းပါဝင်မှု ရှိရန် လိုအပ်သည်။
စီးပွားရေး အနေအထားများ တူညီသော နိုင်ငံများကြားတွင် စည်းမျဉ်းများကို သင့်တော်မျှတစွာ ချမှတ်လုပ်ဆောင်နိုင်လျှင် ကမ္ဘာ့ရွာဖြစ်တည်ခြင်းသည် အမှန်တကယ် ဆိုးရွားသော အနေအထားတွင် မရှိပေ။ သို့ရာတွင် ကလင်တန်- ဘုရှ် လက်ထက် ကမ္ဘာ့ရွာဖြစ်တည်မှုသည် အလုပ်သမားလူးတန်းစားအတွက် အကာ အကွယ်မပေးနိုင်ခဲ့ရုံသာမက စီးပွားရေး တိုးတက်မှုကို လျော့နည်းစေခြင်း၊ အမေရိကန်နိုင်ငံတွင် ငွေချေးငှားမှု များ ပိုမိုများပြားလာစေခြင်း၊ ပိုလျှံ စုဆောင်းမှုများလာခြင်း၊ စားသုံးမှုလျှော့နည်းသွားခြင်း စသည့် အနေအထား များ ဖြစ်ပေါ်လာခဲ့သည်။ ထို့ပြင် စီးပွားရေး ပုံသဏ္ဍန်မတူညီသော နိုင်ငံများ၏ ပေါင်းစည်းခြင်း ကလည်း ကုန်သွယ်မှု မညီမျှခြင်းများ၊ ပိုင်ဆိုင်မှု ပေါင်နှံမှုများ စသည့် ဘဏ္ဍာရေးအကျပ်အတည်းကို ဖြစ်စေသော အနေအထားများကို ဖန်တီးပေးနေသကဲ့သို့ ပင်ဖြစ်သည်။ ကမ္ဘာ့စီးပွားရေး မညီမျှမှုကို ဖြစ်စေသော အဓိက အကြောင်းရင်းတစ်ခုမှာ တရုတ်၊ ဂျပန်နှင့် ရေနံအထွက်များသော ပါရှန်ကွေ့နိုင်ငံများသည် ပိုလျှံစုဆောင်းမှု များကြောင့် ဖြစ်သည်။ သို့ဖြစ်ရာ အမေရိကန်နိုင်ငံတွင် အဆိုပါနိုင်ငံများနှင့် ကုန်သွယ်ခြင်းဖြင့် ကုန်သွယ် လိုငွေပြမှုများ ဆက်တိုက်ကြုံရခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံစီးထွက်မှု များပြားလာခြင်း တို့ကြောင့် ပြည်တွင်း ငွေကြေးဈေးကွက်တွင် လိုငွေပြမှုများလာပြီး အက်ဆက်ပစ္စည်းပေါင်နှံမှု အလျံပယ်ဖြစ်လာကာ ငွေကြေးအကျပ် အတည်းကို တွန်းအားပေးနေသကဲ့သို့ ဖြစ်လာသည်။ အိမ်ရာမြေဈေးကွက်နှင့် ငွေကြေး ဈေးကွက်တွင် အက်ဆက်ကိုယ်စားပြုချေးငှားမှုများ များပြားလာသောအခါ နိုင်ငံသားများ၏ အက်ဆက်စားသုံးမှုသည်လည်း များပြားလာခဲ့သည်။ နောက်ဆက်တွဲရလဒ်အနေဖြင့် အိမ်ထောင်စုများ၏ ကြွေးမြီများလည်း များပြားလာခဲ့သည်။
ယခုပုံစံဖြင့် စီးပွားရေးတိုးတက်နေမှုများသည် ပြဿနာများကို ဖိတ်ခေါ်နေသကဲ့သို့ ရှိသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် လုပ်ခ၊ လစာနှုန်းများ နည်းပါးခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှု စံများ တင်းကြပ်မှု လျော့နည်းခြင်း၊ အိမ်ရှင်နိုင်ငံ၏ ငွေကြေးတန်ဖိုးနည်းခြင်းတို့ကြောင့် ထုတ်လုပ်မှု ပိုင်းတွင် ယှဉ်ပြိုင်နိုင်ရန် အားသာချက်များ ရရှိပြီး စီးပွားရေး လုပ်ငန်းများသည် များစွာ အကျိုးအမြတ် များ ရလာခဲ့သည်။ သို့သော် အမေရိကန်နိုင်ငံသားများ ရရှိသော လစာနှုန်းများ နည်းပါးသွားပြီး အချို့မှာ အလုပ်လက်မဲ့ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရပြီး ငွေချေးမှုများ မြင့်တက် လာခြင်း၊ ၀ယ်နိုင်စွမ်းအားများ၊ စားသုံးမှု ပမာဏများ ကျဆင်းသွားခြင်းများ ဖြစ်ခဲ့ရသည်။ သို့ဖြစ်ရာ အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံကြား ၀င်ငွေနှင့် ချမ်းသာကြွယ်ဝမှုများမှာ ကွာခြားမှု မှာ တဖြည်းဖြည်းနှင့် တိုးပွားလာခဲ့သည်။ တရုတ်နိုင်ငံကဲ့သို့ပင် အမေရိကန်နှင့် ကုန်သွယ်နေသော ဂျပန်နှင့် အခြားသော အာရှနိုင်ငံ များ၏ ကုန်သွယ်မှုတွင်လည်း ကုန်သွယ်မှု လိုငွေများ ပြနေခဲ့သည်။
အမေရိကန်နိုင်ငံတွင် ဘဏ္ဍာရေးအကျပ်အတည်းနှင့် ကြုံတွေ့ရသောအခါ ကမ္ဘာ တ၀ှမ်း ကုန်စည်စီးဆင်းမှုများလည်း သိသိသာသာ ကျဆင်းသွားခဲ့ရသည်။ ဤသို့ဖြင့် အမေရိကန်နိုင်ငံသားများသည် ၎င်းတို့၏ ကြွေးမြီများကို ပြန်လည်မဆပ်နိုင်တော့ဘဲ အပေါင် ပစ္စည်းများကို မရွေးနိုင်တော့သောအခါ အမေရိကန်နိုင်ငံ၏ ငွေကြေးဈေးကွက် တစ်ခုလုံး တုန်လှုပ်သွားပြီး ရင်းနှီးမြှုပ်နှံမှုဘဏ်ကြီးများ ဒေ၀ါလီခံရသည့် အဆင့်သို့ ရောက်လာခဲ့သည်။ စင်စစ်အားဖြင့် နိုင်ငံအနည်းငယ်တွင်သာ အိမ်၊ မြေနှင့် အက်ဆက်ပစ္စည်းများ၏ ဈေးနှုန်းများကျဆင်းသွားခဲ့ပြီး ငွေကြေးဈေးကွက် အခြေအနေအေးသွားခဲ့ရသော်လည်း ကုန်စည်နှင့် ၀န်ဆောင်မှုဈေးကွက်များ၏ ၀ယ်လိုအားမှာ သိသိသာသာ ကျဆင်းသွားခဲ့သည်။
Ref: The Nation
Tuesday, September 16, 2008
နိုင်ငံများသည် သွင်းကုန်နှင့် ပို့ကုန်များ တင်ပို့ခြင်းကို တပြိုင်နက်တည်း အဘယ်ကြောင့် အားမပေးသနည်း။
သွင်းကုန်အစားထိုး စက်မှုလုပ်ငန်းများ၏ ပြဿနာများမှာ အဘယ်နည်း။
အချို့သော ပညာရှင်များက စက်မှုသွင်းကုန် အစားထိုးခြင်းအပေါ် တိုက်ခိုက်ပြောဆိုကြခြင်းမှာ ဤစနစ်ကို ကျင့်သုံးကြသော ဖွံ့ဖြိုးဆဲနိုင်ငံများသည် ခေတ်မီဖွံ့ဖြိုးသော နိုင်ငံကြီးနှစ်ခုကို အမှီမလိုက်နိုင်ခဲ့ကြပေ။ ဥပမာဆိုရသော India နှင့် Argentina နှစ်နိုင်ငံစလုံးသည် ဤစနစ်ကို ကျင့်သုံးခဲ့ကြသော်လည်း ဆယ်စုနှစ် နှစ်ခု ကုန်သည်အထိ ထူးခြားစွာ တိုးတက်ပြောင်းလဲမှု မရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် ၁၉၉၀ ခုနှစ်များတွင် နှစ်နိုင်ငံစလုံး၏ မဟာဗျူဟာများကို ပြုပြင်ပြောင်းလဲခဲ့ကြသည်။
အချို့သော စီးပွားရေးလုပ်ငန်းများတွင် သွင်းကုန် အစားထိုးသည့် စနစ်ကို ကျင့်သုံးခြင်းဖြင့် ပြည်တွင်းစက်မှု ကဏ္ဍသည် ဖွံ့ဖြိုးတိုးတက်ရမည့်အစား စီးပွားရေး တန့်လို့ပင် နေပါသေးသည်။ ထိုပြင် သက်နုစက်မှုလုပ်ငန်းများကို ကာကွယ်ပေးရန်ဟူသော Infant Industry Argument သည် လူတို့မျှော်လင့် ယူဆထားသလို ခိုင်မာမှုရှိပုံမရပါ။ လုပ်ငန်းငယ်များကို ကာကွယ်ပေးနေသော ကာလတလျှောက်လုံးတွင် ထုတ်လုပ်ခြင်းကဏ္ဍနှင့် ပတ်သက်၍ ပြိုင်ဆိုင်မှု () ကို ဖန်တီးပေးနိုင်ခြင်းမရှိပါ။ သွင်းကုန်အစားထိုး စက်မှုလုပ်ငန်းတည်ထောင်ရေးအတွေ့အကြုံများအရ နိုင်ငံငယ်လေးများထက် နိုင်ငံကြီးများတွင် ပိုမိုအောင်မြင်မှုရှိသည်ကို တွေ့ရသည်။ ထိုကဲ့သို့ ပိုမိုအောင်မြင်ရခြင်းမှာ -
၁။ အရင်းအနှီး၊ ကျွမ်းကျင်လုပ်သား၊ နည်းပညာနှင့် ပြည်တွင်းဈေးကွက် ကွာခြားမှုများကြောင့် လည်းကောင်း
၂။ လုပ်ငန်းကြီး လုပ်ကိုင်မှုကွာခြားချက်ကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို အကျိုးသက်ရောက်မှု ရှိစေခြင်းကြောင့် လည်းကောင်း
၃။ ထုတ်လုပ်မှု၊ စွန့်ထွင်ဦးစီးမှုများ နှင့် စီမံအုပ်ချုပ်မှုများတွင် အတွေ့အကြုံ မရှိခြင်း တို့ကြောင့်ပင် ဖြစ်သည်။
ကုန်သွယ်မှုကဏ္ဍသည် ဈေးကွက်၏ အားနည်းချက်တစ်ခုဖြစ်ပြီး အစွန်းရောက် ဒွန်တွဲမှု Dualism ကိုဖြစ်ပေါ်စေသည်။ Dualism ဆိုသည်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများ တော်တော်များများတွင် ခေတ်မီကဏ္ဍ ကဲ့သို့ စက်မှုကဏ္ဍများ နှင့် ခေတ်နောက်ကျနေသော လယ်ယာစိုက်ပျိုးရေးကဏ္ဍများ၏ တိုးချဲ့မှု ၊ အားပြိုင်မှုတို့တွင် ၀ိရောဓိများ ဖြစ်နေသည်။ ၎င်းကဏ္ဍများတွင် လုပ်ခ၊ လစာ နှုန်းများ ကွာခြားမှု၊ ၀င်ငွေကွာဟမှု၊ ဆင်းရဲချမ်းသာ ကွာဟမှုများကို ဖြစ်ပေါ်နေစေပါသည်။ ထို့ကြောင့် ပြည်တွင်းဈေးကွက်၏ မှားယွင်းမှုများကို ပြင်ဆင်ရန် ကုန်သွယ်မှုဝါဒကို သုံးမည်ဆိုလျှင် အကောင်းဆုံး ကုစားချက်တော့ မဟုတ်ပါ။
သွင်းကုန်အစားထိုးခြင်းကို ပြုလုပ်မည့်အစား ပို့ကုန်မြှင့်တင်ရေးသည်လည်း Industrialization ကို အောင်မြင်စေနိုင်သည်။
Thursday, September 11, 2008
ကုန်သွယ်မှုပေါ်လစီများချမှတ်ပြီး ပြည်တွင်း စီးပွားရေးလုပ်ငန်းများအား ကာကွယ်ပေးရသည့် အကြောင်းရင်းများ
( To protect infant industry argument)
၂။ လုပ်ငန်းများခွဲခြားထုတ်လုပ်မှု ပြုနိုင်ရန်
( The diversification of industry argument)
၃။ အလုပ်အကိုင်တည်မြဲရေး ဦးစားပေးရန်
( The employment argument)
၎။ သဘာဝသယံဇာတများ ထိန်းသိမ်းနိုင်ရန်
(The conservation of national resources argument)
၅။ အဓိက စက်မှုလုပ်ငန်းစုများအား အားပေးရန်
( The Key industry argument)
၆။ မိမိတို့ကိုယ်တိုင် ဖူလုံမှုစနစ်ကို ဦးစားပေးရန်
( The self sufficiency argument) စသည်တို့ ဖြစ်ကြပါသည်။ ၎င်းတို့ထဲတွင် သက်မှုစက်မှုလုပ်ငန်းများကို အကာအကွယ်ပေးသည့် တင်ပြချက်မှာ အထင်ရှားဆုံးဖြစ်သည်။
အဘယ့်ကြောင့် ထိုသို့ဦးစားပေးရသနည်း ။ (Why infant industry argument is favoured? )
ဤကဲ့သို့ စက်မှုလုပ်ငန်းငယ်လေးများကို အကာအကွယ်ပေးရန် အစိုးရသည် လုပ်ငန်းသစ်များကို အပြည်ပြည်ဆိုင်ရာ ယှဉ်ပြိုင်မှုဒဏ်ကို တွေ့ကြုံခံစားနိုင်စေရန် ရင့်ကျက်ချိန်ရောက်သည်အထိသာ အထောက်အပံ့ ပြုသင့်ပါသည်။ သို့သော် အချို့ပညာရှင်များ၏ ထောက်ပြချက်အရ သက်နုစက်မှုလုပ်ငန်း ငယ်လေးများကို အကာအကွယ်ပေးခြင်းအားဖြင့် ၎င်းတို့သည် မည်သည့်အခါမှ တိုးတက်ကြီးပွားမလာကြောင်း၊ အကူအညီ အထောက်အပံ့ အမြဲလိုအပ်လေ့ရှိကြောင်း ဖော်ပြလေ့ရှိသည်။
စက်မှုလုပ်ငန်းတိုးတက်ဖို့ မည်သည့်အခြေခံနည်းဗျူဟာများကို သုံးစွဲမည်နည်း။
Thursday, August 14, 2008
ကုန်သွယ်မှု ပေါ်လစီကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မည်သို့မည်ပုံ သုံးစွဲကြသနည်း
ဆက်လက်ဖော်ပြပါမည်။
Monday, August 11, 2008
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျင့်သုံးလျှက်ရှိသော ကုန်သွယ်ရေးမူဝါဒများ
သို့သော်လည်း အချိန်အခက်အခဲရှိပါသောကြောင့် အပိုင်းကဏ္ဍများ ခွဲခြား၍ တင်ဆက်လိုက်ရပါသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျင့်သုံးလျှက်ရှိသော ကုန်သွယ်ရေးဆိုင်ရာ မူဝါဒများ -( အပိုင်း-၁)
အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုသည် နိုင်ငံများ၏ ကုန်စည်နှင့် ၀န်ဆောင်မှုများကို တင်ပို့တင်သွင်းသည့် ဖြစ်စဉ်ပင် ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် အဓိက အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေသည်ကို တွေ့ရှိရသည်။
ဤအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုကို လူအများက နိုင်ငံစုံ ကုန်သွယ်မှုစနစ်မှ တဆင့် လူနေမှုအဆင့်အတန်းတိုးတက်စေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးမှု ဖြစ်ပေါ်စေခြင်း စသည့်တိုးတက်များပြားလာသော အခွင့်အရေးများမှ တဆင့် လူမှုကောင်းကျိုးများရရှိစေသည်ဟု အသိအမှတ် ပြုကြပေသည်။
နိုင်ငံတစ်ခုသည် အခြားနိုင်ငံတစ်ခုနှင့် ကုန်သွယ်ရန် ဆုံးဖြတ်ချက်မှာ ဇောက်ချထုတ်လုပ်မှုများကို ဖြစ်ပေါ်စေပြီး မိမိနိုင်ငံအတွက် အခြားလိုအပ်ချက်များကို အပြည်ပြည်ဆိုင်ရာ ဈေးကွက်မှ ရှာဖွေဖြည့်ဆည်းမည် ဖြစ်ပါသည်။ တဖန် ဇောက်ချထုတ်လုပ်မှု (Specialization) သည် ထုတ်လုပ်မှုစွမ်းဆောင်ရည်နှင့် လူနေမှုအဆင့်အတန်းကို ပိုမို တိုးတက်လာစေပါသည်။
လွတ်လပ်နေသော ကုန်သွယ်မှုဆိုသည်မှာ နိုင်ငံများအကြား စီးဆင်းမည့် ကုန်စည်နှင့် ဆောင်ရွက်မှုများ ရွေ့လျားမှုအပေါ် ထိန်းချုပ်၍ မရသော ပေါ်လစီပင် ဖြစ်သည်။ ဤအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုသည် နိုင်ငံများ၏ စားသုံးမှုအခြေအနေ (Consumption possibilities)ကို တိုးချဲ့ရာ ရောက်သည်။ ဆိုလိုသည်မှာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုသည် နိုင်ငံတစ်ခုအတွက် ကုန်စည်နှင့် ၀န်ဆောင်မှုများကို ပိုမိုစားသုံးခွင့် ရစေနိုင်ခြင်းပင် ဖြစ်သည် ။
အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုသည် ကမ္ဘာကြီး၏ သယံဇာတခွဲဝေမှုကို အကောင်းဆုံးနှင့် စွမ်းဆောင်ရည် အပြည့်ဝဆုံးဖြစ်ပေါ်စေပြီး ကုန်သွယ်မှုတွင် ပါဝင်နေသော နိုင်ငံများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာမှုကို ဦးတည်နေသော်လည်း နိုင်ငံများသည် မိမိနိုင်ငံ၏ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို ကာကွယ်ပေးဖို့ လိုအပ်ကြောင်း ရှုမြင်လာကြသည်။ အကာအကွယ်ပေးမှုစနစ်ဆိုသည်မှာ ကုန်စည်နှင့် ဆောင်ရွက်မှုများအပေါ် ကုန်သွယ်မှုအတားအဆီးများ (Trade Barriers)များကို ပြဌာန်းပေးပြီး ပြည်တွင်းစက်မှုလုပ်ငန်းငယ်လေးများ (Infant Industries) ကို နိုင်ငံခြား ပြိုင်ဆိုင်မှု (Foreign Competition) မှ အကာအကွယ် ပေးသော မူဝါဒပင် ဖြစ်သည်။
အကာအကွယ်ပေးမှုစနစ် (Protectionism)ကို လိုအပ်ကြောင်း ရှုမြင်လာရခြင်းမှာ နိုင်ငံများ၏ အစိုးရများသည် ကမ္ဘာကြီး၏ ကုန်ထွက်များကို အမြင့်မားဆုံး ဖြစ်ပေါ်စေခြင်း (သို့မဟုတ်) ကမ္ဘာကြီး၏ ကောင်းကျိုးများကို တိုးတက်စေခြင်းထက် မိမိနိုင်ငံ၏ ရည်ရွာ်ချက်နှင့် မိမိလူမျိုးများ ကောင်းစားရေး (Domestic welfare) ကို စိုးရိမ်ပူပန်မှု ရှိခြင်းကြောင့်ပင် ဖြစ်ကြသည်။ ဆိုလိုသည်မှာ နိုင်ငံများသည် လက်တွေ့တွင် ကမ္ဘာ့အရေးထက် မိမိပြည်တွင်းရေး၊ မိမိနိုင်ငံ၏ အမျိုးသား အကျိုးစီးပွားကို ပိုမိုလိုလားတတ်ကြသည်။
စာကြွင်း။ ။ အချိန်ပြည့်ပြီ ဖြစ်ပါသောကြောင့် ဤနေရာတွင် ပထမပိုင်းကို ရပ်ဆိုင်းလိုက်ရပါသည်။ ဒုတိယပိုင်း ဆက်လက်ထွက်ရှိပါမည်။
